မြင်းမူ ဇွန် ၈
၂၀၂၁-၂၀၂၂ ခုနှစ်မိုးရာသီကာလအတွင်း စစ်ကိုင်းခရိုင် ၊မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ
များအတွက် ဒေသရေမြေသဘာဝနှင့်ကိုက်ညီသော ပျိုးပင်များကိုပျိုးထောင်ထားရှိရာ အောင်မြင်ဖြစ် ထွန်းလျက်ရှိပြီး မကြာမီ(အခမဲ့)ဖြန်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် ဇွန်လနဲ့ ဇူလိုင်လမိုးတွင်းကာလမှာပြည်သူများ အခမဲ့ရယူ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးထောင်ထားရှိသော အပင်များကိုအခမဲ့ဖြန့်ဝေပေးလျက်ရှိ ကြောင်း၊ မိုးနည်းရပ်ဝန်း ဖြစ်သည့်အတွက် တမာ ၊ကုက္ကို ကဲ့သို့သော ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့်
အပင်များကိုသာ ပျိုးထောင်ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုနှစ်မိုးရာသီတွင် ဖြန့်ဝေပေးမည့် အပင်များကို အပင်ရှင်သန်မှုအားကောင်းစေရေးနှင့် အပင်သေပျောက်မှုလျှော့ကျစေရေးအတွက် ပျိုးပင်၏အမြင့်ကို (၂)ပေနှင့်အထက်မှသာ ဖြန်ဝေပေးရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ မြို့မသစ်တောပျိုးဥယာဉ်တာဝန်ခံ တောအုပ်ဦးမင်းဇော်ဆန်းထံမှသိရှိရသည်။
ယခုနှစ်ဖြန့်ဝေပေးရန် ပျိုးထောင်ထားရှိသောအပင်အမျိုးအစားများမှာ တမာ ၊ ကုက္ကို၊ ကျွန်း မယ်ဇလီ ၊ မန်ကျီး၊ လျှော်ဖြူ၊ မန်ဂျန်ရှား၊ ယူကလစ်၊ ယင်းမာနှင့် ရေတမာများဖြစ်ကြောင်းသိရှိရပြီး
ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊အသင်းအဖွဲ့များ၊ဌာနဆိုင်ရာများနှင့်တပ်ရင်းတပ်ဖွဲ့
များနှင့်ပြည်သူများအား (အခမဲ့)ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)