အောင်မြေသာစံမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကျင်းပ

မန္တလေး ဇွန် ၈

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အနှိပ်တော်ရပ်ကွက်ရှိ အရှေ့ခင်မကန်ကျောင်းတိုက်စာ‌ဖြေဌာနတွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်တန်း စာမေးပွဲကို လည်းကောင်း၊ မဟာဇေယျာဘုံရပ်ကွက်ရှိ ဝိဘဇ္ဇဝါဒီစာသင်တိုက် စာဖြေဌာနတွင် အခြေပြုမူလတန်း စာမေးပွဲကို လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် ပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင် ဖြေဆိုသံဃာ(၆၅)ပါး၊ သီလရှင် (၂၉)ပါး၊ စုစုပေါင်း(၉၄)ပါး၊ ပထမလတ်တန်းတွင် ဖြေဆိုသံဃာ(၅၆)ပါး၊ သီလရှင်(၁၆)ပါး၊ စုစုပေါင်း(၇၂) ပါး၊ ပထမငယ်တန်းတွင် ဖြေဆိုသံဃာ(၈၃)ပါး၊ သီလရှင်(၁၈)ပါး၊ စုစုပေါင်း(၁၀၁)ပါးနှင့် လူပုဂ္ဂိုလ် တစ်ဦးတို့က အရှေ့ခင်မကန်ကျောင်းတိုက်ရှိ ကျောင်းဆောင်သစ် ဗိမ္မာန်တော်ကြီးတွင် လည်းကောင်း၊ အခြေပြု မူလတန်းတွင် ဖြေဆိုသံဃာ(၁၂၆)ပါး၊ သီလရှင်(၅၂)ပါး၊ စုစုပေါင်း(၁၇၈)ပါးတို့က ဝိဘဇ္ဇဝါဒီ စာသင်တိုက်ရှိ ဝိဘဇ္ဇဝါဒီအဆောင်(၄)တွင် လည်းကောင်း စာမေးပွဲဖြေဆိုခဲ့ကြပြီး အဆိုပါ ပါဠိပထမပြန် စာမေးပွဲကို ဇွန် ၇ ရက် မှ ၁၃ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)