လယ်ဝေးမြို့နယ် အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုအား နေပြည်တော်ကောင်စီဝင် သွားရောက်ကြည့်ရှု

လယ်ဝေး     ဇွန်   ၈

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများ၏ အခြေအနေများ အား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းမှ ယမန်နေ့ မွန်းလွဲ(၁) နာရီက သွားရောက် ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမ များအားတွေ့ဆုံကာ ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူလေးများအား ပညာရပ်များကို အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကောင်းမွန်စေရေး လေ့ကျင့်သင်ကြားပေးရန်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များကို စွဲမြဲစွာ ယုံကြည်ကျင့်သုံးရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် သွန်သင်ဆုံးမ ပေးရန်၊ စေတနာ၊ဝါသနာ၊အနစ်နာတို့သာမက နည်းနာကိုပါသင်ကြားပေးရန် စသည်ဖြင့် ပြောကြားသည်။ ထို့နောက် အ.ထ.က(၂)မှ ကျောင်းအုပ် ဆရာကြီး ဦးသန်းကျော်ထွန်းက ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်‌ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်မြတ်ဝင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမှိုက်များ ကို ခွဲခြားစွန့်ပစ်ရန် နမူနာအမှိုက်ပုံး(၃)မျိုးအကြောင်း၊ စွန့်ပစ်အမှိုက်လျော့ကျစေမည့်နည်း လမ်းများ၊ “ဂေဟစနစ်မပျက်စီးဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆောင်ပုဒ်နှင့်အညီ မိမိ တို့ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သွားကြရန်၊ သစ်ပင်သစ်တောများပြုန်းတီးလာလျှင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ စသည်တို့အား ရှင်းလင်းဆွေးနွေးကာ ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် အ.ထ.က(၂)တွင် ပညာ သင်ယူလျက်ရှိသည့် ကျောင်းသားကျောင်းသူလေးများ သွားရောက်ကြည့်ရှုခဲ့ကြောင်းနှင့် လယ်ဝေးမြို့ အမှတ်(၁)ရပ်ကွက်ရှိ နန်းတော် (ဝါးတူ စက်ရုံ)သို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)