မန္တလေး ဇွန် ၈
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်အတွင်း ပါဠိပထမပြန် စာမေးပွဲများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင် ကျင်းပခဲ့သည်။
ပါဠိပထမပြန် စာမေးပွဲများကို ပထမကြီး စာမေးပွဲကို မဟာနန္ဒိသေနာရာမတိုက် ဒဿအုပ်ဌ် ကျောင်းတွင် လည်းကောင်း၊ ပထမအလတ်တန်း စာမေးပွဲကို အာသောကာရာမတိုက် ပရိယတ္တိ ဗိမ္မာန်တွင် လည်းကောင်း၊ အခြေပြု မူလတန်း စာမေးပွဲကို ဘုရားကြီးတိုက် ဦးပွား(၂)ထပ်သိမ်ကျောင်း၊ ဓမ္မိကာရာမတိုက် ရတနာတင့်ဗိမ္မာန်တွင် လည်းကောင်း ကျင်းပကြသည်။
ယင်းစာဖြေဌာနများတွင် ပါဠိပထမပြန် စာမေးပွဲကို ဇွန် ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ် နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပါဠိပထမပြန် စာမေးပွဲ ပထမနေ့တွင် ချမ်းမြသာစည် မြို့နယ်အတွင်းရှိ စာဖြေဌာနများ၌ ၂၃၀ ဦးကျော် ဖြေဆိုခဲ့ကြောင်း သိရသည်။
တင်လင်းထက်