ဆီဆိုင် ဇွန် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်ရှိ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေးမြေနေရာတွင် ၀န်ထမ်းများနေထိုင်ရေး အဆင်ပြေစေရေးအတွက် ဆောင်ရွက်လျက်ရှိသော (၄)ခန်းတွဲ၊ (၄)ထပ် ၀န်ထမ်းအိမ်ရာအဆောက် အအုံ တည်ဆောက်နေမှုအခြေအနေများကို ဇွန် ၇ ရက် နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေ ကျပ်(၃၃၀)သန်း ဖြင့် တင်ဒါအောင်မြင်သည့် Million Effect Co.,Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အလျား ၆၁.၅ ပေ၊ အနံ ၅၁ ပေရှိ (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)