သတင်းများ

ကမာရွတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နိုင်ရေးဆောင်ရွက်
Jun 08,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှု ဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေး လျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေ များ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ပထမပြန် စာမေးပွဲကို စာဖြေဌာန (၆) ခုတွင်ကျင်းပ
Jun 08,2021
ကရင်ပြည်နယ်တွင် ပြည်နယ်အတွင်း သာသနာရေးဆိုင်ရာကိစ္စရပ်များ ထွန်းကားပြန့်ပွားစေရေးအတွက် ၂၀၂၁ ခုနှစ် ပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မူ)တန်းများကို ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ  စာဖြေဌာန (၆) ခုတွင် ယမန်နေ့မှ စတင်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲကျင်းပ
Jun 08,2021
ကျေးလက်နေပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုတနိုင်တပိုင်ဝင်ငွေ မြှင့်တင်ရေး၊ ခေတ်မီနည်းပညာများ၊ အသိပညာပြန့်ပွားစေရေး အတွက် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာ အုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့တွင် ပါဠိပထမပြန် စာမေးပွဲ ပထမနေ့ကျင်းပ
Jun 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက် အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမပရိယတ္တိစာသင်တိုက်အတွင်း၌ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရေးအတွက် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယမန်နေ့ နေ့လည် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်နှင့် (191)စတေကာများ ဖြန့်ဝေခြင်း ဆောင်ရွက်
Jun 08,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်( 191)စတေကာ များဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ကလိန်အောင်မြို့ မြို့မဈေး၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၁ ခုနှစ် ၊ ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 08,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ယနေ့ နေ့မွန်းတည့် ၁၂ နာရီအချိန်က  ပါဠိပထမ ပြန်စာမေးပွဲကို မြို့နယ်စည်ပင်သာယာခန်းမတွင်  ကျင်းပလျက်ရှိ ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
ထားဝယ်မြို့တွင်ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Jun 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။
နတ်တလင်းမြို့တွင် (၃၃)ကြိမ်မြောက်စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jun 08,2021
ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်က ကျင်းပစစ်ဆေးခဲ့သော အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော ရဟန်းသာမဏေနှင့် သီလရှင်များအား အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲကို ဇွန် ၇ ရက်နံနက် ၈ နာရီကသကျမဟာမြတ်မုနိဘုရားကြီး သာသနာ့ ဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။