ပလောက် ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဦးစီးဌာနတို့ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀ နာရီက ပလောက်မြို့ Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ ပုလောမြို့နယ် မြို့နယ်လျှပ်စစ်မှူး ဦးကိုကိုက မီးသုံးစွဲသူပြည်သူတွေအနေနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အထူးအလေးထားဖို့ လိုအပ်ကြောင်း၊ ယခုအချိန် မိုးရာသီ၌ မိုးသက်လေပြင်းများ ကျရောက်သဖြင့် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျနေခြင်း လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးပေါ်သို့ သစ်ပင်သစ်ကိုင်းများ လှဲကျကျိုးကျ နေခြင်းကို သတိပြုရမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် လိုက်နာရမည့် အချက်များကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် ပလောက်ပြန်/ဆက်