လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်ပင်ပျိုးပင်ပေါင်း (၂ဝဝဝဝ) ကို ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် ပြုစုပျိူးထောင်ပေးလျက်ရှိ

လေးမျက်နှာ  ဇွန်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ ၂ဝ၂၁ ခုနှစ်၊ မိုးရာသီကာလတွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် သစ်ပင်ပျိုးပင်ပေါင်း (၂ဝဝဝဝ) ကို ပြုစုပျိူးထောင်ပေးလျက်ရှိကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ်၊ မိုးရာသီကာလမှာ ပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် ပြည်သူကိုဖြန့်ဝေမည့်  သစ်ပင်ပျိုးပင်ပေါင်း (၂ဝဝဝဝ) ကို ပြုစုပျိုးထောင်ပေးနေပါတယ်။ သစ်ပင်ပျိုးပင် (၂ဝဝဝဝ) တွေထဲမှာအရိပ်ရနှစ်ရှည်ပင်များဖြစ်တဲ့ ကျွန်းပင်(၁၀၀၀၀)နှင့် မန်ဂျန်ရှားပင် (၁၀၀၀၀) တို့ကိုပျိူးထောင်လျက်ရှိပါတယ်ဟု တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နှစ်စဉ်ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် သစ်ပင်ပျိုးပင်များကို သစ်တောပျိုးဥယျာဉ်တွင် ပြုစုပျိုးထောင်၍ သစ်ပင်ပျိုးပင်မျိုးစုံကို မြို့နယ်သစ်တောဦးစီးဌာနက အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာ(ပြန်/ဆက်)