နတ်မောက် ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၂၇)ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။
အဆိုပါချေးငွေထုတ်ပေးခြင်းကို ယနေ့ နံနက်(၀၉:၃၀)နာရီတွင် မြို့မအုပ်စု၊ ရှမ်းကုန်းအုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၁၀၆)ဦးသို့ စပါး(၄၂) ဧက ၊ နှမ်း(၄၂၆)ဧက အတွက်ချေးငွေ ပမာဏ ကျပ် (၄၈၉.၀၀)သိန်း ထုတ်ချေးပေးလျက်ရှိပြီး (၈.၆.၂၀၂၁)နေ့အထိ ကျေးရွာအုပ်စု(၆)အုပ်စုမှ ဘဏ် အဖွဲ့ဝင် တောင်သူ(၃၀၁)ဦး သို့ စပါး (၅၅)ဧက၊နှမ်း (၁၆၁၆)ဧက အတွက် ချေးငွေ ကျပ် (၁၆၉၈.၅၀)သိန်း ထုတ်ချေးပေးပြီးဖြစ်ပါကြောင်း၊ ထုတ်ချေးရန် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ ၂၀၂၀-မိုးပြေကျေသည့် ဘဏ်အဖွဲ့ဝင် တောင်သူဦးကြီးများ အား ဆက်လက် ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးအိအိဇော် ( နတ်မောက် )