ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ပိုးလူနာတစ်ဦး တွေ့ရှိ၍ ဖောင်ကြီးဆေးရုံသို့ ပို့ဆောင်

ရန်ကုန် ဇွန် ၉

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ ပိုးရှိလူနာတစ်ဦး စစ်ဆေးတွေ့ရှိရသဖြင့် ဖောင်ကြီးဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ရန်ကုန်မြို့တွင် ကိုဗစ်(၁၉)ရောဂါပိုး ပြန်လည်တွေ့ရှိမှုများဖြစ်လာပြီး ဇွန်၁ရက်နေ့တွင် ကိုဗစ်-၁၉လူနာ၁၃ဦး၊ ဇွန်၂ရက်နေ့တွင်၈ဦး၊ ဇွန်၃ရက်နေ့တွင် ၁၉ဦး၊ ဇွန်၄ရက်နေ့တွင် ၈ဦး၊ ဇွန်၅ရက်နေ့တွင် ၁၉ဦးနှင့်ဇွန်(၆)ရက်နေ့တွင် နှစ်ဦး ရောဂါပိုးတွေ့ရှိကြောင်းသိရှိရသည်။

 

မြန်မာနိုင်ငံတွင် ဇွန် ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၄၇၅၆ ဦးရှိပြီး သေဆုံးသူဦးရေစုစုပေါင်း ၃၂၂၇ ဦးရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။

 

စန္ဒာမိုး(ပြန်/ဆက်)