ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ပခုက္ကူ ဇွန်  ၉

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြဧရာ(၁) ခန်းမ၌ စတင်ထုတ်ချေးပေးသည်။

 

 

 

ရှေးဦးစွာ ပခုက္ကူခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဒေါ်သီတာထွန်းက ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးရသည့်ရည်ရွယ်ချက်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အကျိုးရှိစွာ သုံးစွဲကြရန်လိုအပ်ကြောင်း ပြောကြားပြီး ပခုက္ကူ မြို့နယ်၊တင်းဂါတ်ကျေးရွာအုပ်စုအတွင်းမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၃၄)ဦးထံ မြေပဲ၊နှမ်း၊ဝါ၊ပဲတီစိမ်း၊ ပဲစဉ်ငုံ၊ကုလားပဲ၊အစေ့ထုတ်ပြောင်း၊ငရုတ်၊ကြက်သွန် စသည့် သီးနှံစိုက်ခင်းဧက ပေါင်း(၂၃၄)ဧကအတွက်  ချေးငွေပမာဏ  ကျပ်(၄၈၉.၀၀)သိန်း ထုတ်ချေးပေးလျက်ရှိသည်။

 

 

 

ထို့အပြင် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၂)အုပ်စုမှ ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုး စရိတ် ချေးငွေများအတွက် ဧပြီလအထိ မိုးပြေကျေပြီးသည့် ဘဏ်အဖွဲ့ဝင် တောင်သူ(၄၈၀၀)ဦးတို့၏ မိုးရာသီ စိုက်ပျိုးမြေဧကများအတွက် စိုက်ပျိုးစရိတ်ချေးငွေပမာဏပေါင်း ကျပ်(၃၅၇၆၇၅၀၀၀၀)သိန်းကိုလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်အထိ နောက်ဆုံး ထား၍  ဆက်လက်ထုတ်ချေးပေးသွားရန် လျာထား ကြောင်း သိရသည်။

 

 

 

ဆလိုင်းကိုကီး