ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကိုဗစ်−၁၉ စည်းကမ်းနှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

                                                                                ပိုင်ကျုံ  ဇွန်   ၉

 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲ အရွယ်အထိ ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် Social Distancing စနစ်ဖြင့် နေထိုင်စေခြင်း၊ ကလေး မိခင်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်းကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ပိုင်ကျုံမြို့မှ ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါများ ကာကွယ်ရန်အတွက် ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  အပတ်စဉ်အင်္ဂါနေ့နှင့် ဗုဒ္ဓဟူး‌နေ့တို့တွင် ထိုးနှံဆောင်ရွက်ပေး လျက်ရှိကြောင်းသိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)