ဒဂုံတောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မြို့နယ် အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ တွေ့ဆုံမိတ်ဆက်ပွဲနှင့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ယခုအချိန်တွင် ကမ္ဘာတစ်ဝှန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း တစ်နေ့ထက်တစ်နေ့ များပြားလာပြီး မိမိတို့နိုင်ငံတွင်လည်းဖြစ်ပွားမှုရှိလာပြီဖြစ် သဖြင့် မိမိတို့မြို့နယ်တွင် ကြိုတင်ကာကွယ် ရေးလုပ်ငန်များဆောင်ရွက်နိုင်ရေးအတွက် စွမ်းစွမ်း တမံ ဆောင် ရွက်ကြသည့် လူမှုကူညီရေး အသင်းများနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း မိမိတို့မြို့နယ် မိမိတို့ မျိုးနွယ်အတွက် လူများ ကားများဖြင့် တက်ကြွစွာပါဝင် ကူညီ ဆောင်ရွက် ပေးကြသည့်အတွက် ဝမ်းသာ ပါကြောင်း နှင့် မြို့နယ်အတွက် ဆက်လက် ကူညီဆောင်ရွက် ပေးကြပါရန် နှင့် မိမိတို့မြို့နယ်အတွင်း Contact Person များ ရှိလာပါက ကန့်သတ်ထားရှိမည့် Quarantine Centre များ ရှာဖွေးထားရှိရေးစသဖြင့် ကြိုဆို နှုတ်ခွန်း ဆက်စကား ပြော ကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် လူမှုကူညီရေးအသင်းအဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ဆောင် ရွက်နေသည့် လုပ်ငန်းအခြေအနေများ တွေ့ကြုံရသည့်အခက်အခဲများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များအား အကျယ်တဝင့် ဆွေးနွေးတင်ပြကြရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်းများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။
သန်းသန်းအေး(ပြန်/ဆက် )