ဆိပ်ဖြူမြို့နယ်တွင် မွေးကင်းစအရွယ်မှ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်

ဆိပ်ဖြူ ဇွန် ၉

 

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကျေးလက် ကျန်းမာရေး ဌာန ၊ဌာနခွဲများ ၊မိခင်နှင့်ကလေး ကျန်းမာရေးဌာတို့မှ ကျန်းမာရေးဝန်ထမ်း ဆရာ/ ဆရာမများက မွေးကင်း စအရွယ်မှ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး တိုက်ခြင်း/ဆေးထိုးခြင်းလုပ်ငန်းများကိုဇွန်၈ရက်နံနက်ပိုင်းကစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

 

 

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ကြီးကြပ်၍ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့မှ ကျန်းမာ ရေး ဝန်ထမ်းဆရာ/ဆရာမများက မွေးကင်းစအရွယ်မှ အသက် (၂)နှစ်အောက် ကလေးငယ်များ နှင့်ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း/ ဆေးထိုးခြင်း လုပ်ငန်းများကို  သတ်မှတ်နေရာ အသီးသီးတွင် ထိုးနှံပေးနေကြောင်းသိရှိရပြီး  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်း၊ ဦးအောင်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

 

ကိုဇွဲ(အညာမြေ)