သတင်းများ

မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေသစ်ရှင်းလင်းပွဲနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင် ရာဥပဒေ သစ်ရှင်းလင်းပွဲနှင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက မိုင်းပျဉ်းမြို့ ၊အခြေခံပညာအထက်တန်းကျောင်းရှိ နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
ပန်လုံ(အ.ထ.က)ကျောင်းသို့ လက်ဆေးဘေစင်နှင့်ရေပုံးများလှူဒါန်း
Jun 09,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွမ်းလုံမြို့အခြေစိုက် Nyein Thanlwin Development Foundationမှ ကျောင်းသူကျောင်းသားများ Covid-19 ကူးစက်ရောဂါကာကွယ်ရန်နှင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခြင်းမှ ကင်ဝေးစေရန် ရည်ရွယ်၍ လက်ဆေးဘေစင်နှင့် ရေပုံးတို့ကို လှူဒါန်းခဲ့သည်။
မင်းဘူးမြို့တွင် အာမခံအလုပ်သမားတစ်ဦး အလုပ်တွင်ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူ အကျိုးခံစား ခွင့် ငွေကျပ် (၄၃)သိန်းကျော် ထောက်ပံ့
Jun 09,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် အာမခံအလုပ်သမားတစ်ဦး အလုပ်တွင် ထိခိုက်သေဆုံးခဲ့မှုကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးခွဲမှ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် (၄၃) သိန်းကျော်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့မန်းရေနံမြေစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်လုံ(အ.ထ.က)ကျောင်းသို့ လက်ဆေးဘေစင်နှင့်ရေပုံးများလှူဒါန်း
Jun 09,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွမ်းလုံမြို့အခြေစိုက် Nyein Thanlwin Development Foundationမှ ကျောင်းသူကျောင်းသားများ Covid-19 ကူးစက်ရောဂါကာကွယ်ရန်နှင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခြင်းမှ ကင်ဝေးစေရန် ရည်ရွယ်၍ လက်ဆေးဘေစင်နှင့် ရေပုံးတို့ကို လှူဒါန်းခဲ့သည်။
မကွေတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေး
Jun 09,2021
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှာလည်း ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင် ကြားနေပြီဖြစ်ရာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင်(၂) ဦးအောင်ချိန် နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက် ၉ နာရီခွဲက မကွေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ စာသင်ခန်းများ အတွင်း ကျောင်းသား ကျောင်းသူများ သင်ကြား သင်ယူမှု အခြေအနေများကို ကြည့်ရှုပြီး၊ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အားပေး စကားပြောကြားခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပန်းခင်းစီမံချက်ဖြင့် (မြို)တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေး
Jun 09,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ဝေးလံခေါင်ဖျားသော ပဒကားရွာသစ်အုပ်စု ၊ခုံတိုင်ကျေးရွာမှ (မြို)တိုင်းရင်းသားများအား ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ရုံးတွင်ပြုလုပ် ပေး ခဲ့ကြောင်းသိရသည်။
အပန်းဖြေပန်းဥယျာဉ် ကလေးကစားကွင်း အသုံးပြုရန်အတွက် လာရောက်ရှင်းလင်းတင်ပြ
Jun 09,2021
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဥယျာဉ်မြေ (၂၉.၄)ဧက ကို အပန်းဖြေပန်းဥယျာဉ်၊ စားသောက်ဆိုင်၊ ရေကူးကန်၊ ကလေး ကစားကွင်းနှင့် လူနေအိမ်ရာအဖြစ် အသုံးပြုရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဦးကြည်မြင့်မှ လာရောက် ရှင်းလင်းတင်ပြကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ လက်သမား၊ ပန်းရံ၊ ဘိလပ်မြေအုတ် ရိုက်နည်း သင်တန်းဆင်းပွဲကျင်းပ
Jun 09,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်  ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာ ရေးနှစ်အတွင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အသက် မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ လက်သမား၊ ပန်းရံ၊ ဘိလပ်မြေအုတ် ရိုက်နည်း သင်တန်း ဆင်းပွဲအခမ်းအနားကို  ယမန်နေ့ နံနက် ၁၀ နာရီခွဲက  ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ ချင်းတွင်းရိပ်သာခန်းမတွင် ကျင်းပ သည်။