အမ်းမြို့၌ ကျောင်းတက်ကျောင်းဆင်းချိန်တွင် ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေး

အမ်း ဇွန် ၉

ရခိုင်ပြည်နယ် အမ်းမြို့၌ အခြေခံပညာကျောင်းများ၏ ကျောင်းတက်ကျောင်းဆင်းချိန်တွင် ကျောင်းသားကျောင်းသူများ ယာဉ် အန္တရာယ် ကင်းရှင်းစေရန်အတွက် (အမ်း)ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ (အမ်း)ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး တပ်ကြပ်ကြီးဇော်မြင့်ဌေးနှင့် တပ်ဖွဲ့ဝင် များအနေဖြင့် ယာဉ်ထိန်း တပ်ဖွဲ့၏ရည်မှန်း ချက်တာဝန်များအပြင် ဇွန်လ(၁) ရက်နေ့ အခြေခံ ပညာကျောင်းများ ဖွင့်လှစ်သည့်နေ့မှစ၍ ကျောင်းသား/ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်ရှင်းလင်းရေးလုပ်ငန်းများအား နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စိတ်တာဝန်ရှိသူထံမှသိရှိရသည်။ စိုးမင်းထွန်း