ကျောက်ထု၌ မိုးစပါးအပြီးလယ်မြေများတွင် စိုက်ပျိုးသည့် ဖူးစားပြောင်းများပေါ်ပြီ

ကျောက်ထု ဇွန် ၉

 

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ မိုးစပါးအပြီးလယ်မြေများတွင် သီးထပ်အဖြစ် စိုက်ပျိုးသည့် ဖူးစားပြောင်းများ ပေါ်ပြီဖြစ်၍ပြောင်းဖူး ၁၄ ဖူးလျင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချ နေကြပြီဖြစ်ကြောင်း သိရသည်။

 

 

“ မိုးစပါးအပြီး အစိုဓာတ်မီတဲ့ လယ်မြေတွေမှာ  ရေသွင်းရလွယ်ကူတဲ့ လယ်မြေတွေမှာ ဒေသ ဖူးစား ပြောင်းတွေကို ဆောင်းသီးနှံအဖြစ်စိုက်ပျိုးကြတာပါ၊ အခုပြောင်းဖူးတွေရင့်ပြီဆိုတော့ ဆွတ်ခူးလို့ရနေပါပြီ၊ အီးအမ်ဘိုကာရှီစနစ်သုံး သဘာဝမြေသြဇာကို အပင်လှန်ချိန်နဲ့ ပန်းဖူး ဝင်ချိန်တွေမှာ ထည့်ကျွေးအသုံးပြုပါတယ်” ဟု စိုက်ပျိုးသူ ကျောက်မရွာမှ တောင်သူတစ်ဦး ကပြောသည်။

 

 

ပြောင်းဖူးခင်းစိုက်သည့် ကျေးရွာများသို့ ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့် နှင့် ဝန်ထမ်းများသည် ကွင်းဆင်းသွားရောက်၍ မြေသြဇာပြုလုပ်ခြင်း၊ စိုက်ပျိုး နည်းစနစ်များ၊ ပိုးသတ်ဆေးအသုံးပြု နည်းတို့ ကို သရုပ်ပြရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မောဟေမာန်