မောက်မယ် ဇွန် ၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ပူးပေါင်း၍ သစ်တော/ သစ်ပင်များကို ပြုစုပျိုးထောင်စိုက်ပျိုးခြင်းဖြင့် အနာဂတ် မျိုးဆက်သစ်များ သာယာလှပသည့် အနာဂတ်ဘဝများရရှိစေရန်၊ သစ်တောသယံဇာတများ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၇ နာရီ က မောက်မယ်− ဟိုနမ့် − ဆိုက်ခေါင်လမ်း ဟိုနမ့်ကျေးရွာအုပ်စု၊ ဥယာစန်းကျေးရွာအနီး ကားလမ်းဘေးဝဲယာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံ ဦးဇော်ညို က ပျိုးပင်များအား အသီးသီးပေးအပ်ပြီး ဒေသနှင့်ကိုက်ညီသည့် ကျွန်း၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ စိန်တံခြူ စသည့်ပျိုးပင်ပေါင်း (၂၀၀၀)ကျော်ကို ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)