သာယာဝတီ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းအကောင် အထည် ဖော်နိုင်ရေးအတွက် ပျိုးဥယျာဉ်တွင် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်များ စိုက်ပျိုး ထားရှိကြောင်းသိရသည်။
လာမည့်မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်အတွက် ကျွန်း(၂၀၀၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀၀)ပင်၊ မန်ဂျန်ရှား(၂၅၀၀၀)ပင်၊ ပိတောက်(၂၀၀၀)ပင်၊ ခရေ(၁၅၀၀)ပင်၊ မဟော်ဂနီ(၅၀၀)ပင် စသည့် သစ်မျိုးပေါင်း(၆)မျိုး စုစုပေါင်း ပျိုးပင်ပေါင်း (၅၀၀၀၀) စိုက်ပျိုးထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
(ခရိုင်ပြန်/ဆက်)