ကျွန်းစုမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ကျွန်းစု ဇွန် ၉

 

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ‌ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ၂၀၂၀ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၁ခုနှစ်၊ မေလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

 

အစည်းအဝေးတွင် ကလေးသူငယ်နှင့် အမျိုးသမီးတို့၏ အခွင့်အရေးများကို အပြည့်အဝရရှိရန်၊ ကာကွယ်စောင့်ရှောက်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရန်၊ အမျိုးသမီးများ ဘဝလုံခြုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ၍ စွမ်းဆောင်ရည်မြင့်မားစေရေး၊ ကျား/မ တန်းတူ ညီမျှမှု ရှိရေး တို့ကို ဆွေးနွေးခဲ့ကြသည်။

 

ထိုနောက် တက်ရောက်လာသူ ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌ က အစည်းအဝေးဆုံးဖြတ်ချက်များချမှတ်‌ပေးခြင်း

နှင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)