ဂန့်ဂေါတွင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း

 

 

ဂန့်ဂေါ ဇွန် ၉

 

 

ဂန့်ဂေါခရိုင်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး(၂/၂၀၂၁)ကို ယနေ့ နံနက်(၁၀)နာရီက ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

 

အစည်းအဝေးတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု၊ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးခိုင်က အစည်းအဝေးတွင်တင်ပြရမည့် အကြောင်းအရာများ ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသူများ၏ အကြံပြုဆွေးနွေးချက်များ အပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

 

 

အဆိုပါ အစည်းအဝေးတွင် အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁) ဆုံးဖြတ်ချက်များ(၁၆)ခုကို အတည်ပြုကြပြီး အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁)တွင် အကြောင်းအရာ(၅)ခုတို့ကို ဖတ်ကြား ဆွေးနွေးကြကြောင်း သိရသည်။

 

 

မောင်မြင့်သိန်း(ယော)