ကျိုင်းတုံ၌ ရုံးတွင်းစာဖတ်ဝိုင်းကျင်းပ

ကျိုင်းတုံ  ဇွန်  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ရုံးဝန်ထမ်းများ စာပေအသိပညာ ဗဟုသုတများ ပိုမိုတိုးသွားလာစေရန်ရည်ရွယ်၍ စာရေးဆရာ ဦးဝင်းတင်ရေးသားသည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင် စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေး က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်ပါအချက်အလက်များကို ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းရွှေအောင်နှင့် ခရိုင်ရုံးဝန်ထမ်းများက စာရေးဆရာ ဦးဝင်းတင်ရေးသားသည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင် စာအုပ်မှ ကြီးမြတ်သောဘဝကို တည်ဆောက်ခြင်းအနုပညာ၊ ပြီးမြောက်အောင်မြင်မှုအနုပညာ၊ လူပီသခြင်း အနုပညာ၊ ကိုယ့်သဘောကိုဆောင်ခြင်း အနုပညာ၊ လူပီသခြင်းအနုပညာ၊ လမ်းလျှောက်ခြင်း အနုပညာနှင့် ပျော်ရွှင်ခြင်းအနုပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)