မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ဇွန် ၈ ရက်နေ့နံနက် (၁၀) နာရီက ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌ ၂၀၂၁ ခုနှစ်အတွက် ကျေးရွာအုပ်စု (၂၇) အုပ်စုရှိ လယ်ဧကပေါင်း ဧက (၁၄၇၈၅ ) ဧကအတွက် တစ်ဧကလျှင် (၁) သိန်းခွဲနှုန်းဖြင့် ငွေကျပ် သိန်းပေါင်း (၂၂၁၇၇) သိန်းခန့်ကို ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၀ ခုနှစ် မိုးစပါး အချိန်စေ့ချေးငွေ အကျေဆပ်ပြီးသည့် တောင်သူများကို ၂၀၂၁ ခုနှစ် မိုးစပါးချေးငွေများ ထုတ်ပေးခြင်းဖြစ်ကြောင်းကို ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
၀င်းမောင်