မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများကို အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ မေလ ၄ ရက်နေ့မှစတင်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့ (၄)ခုနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု(၈)အုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူး ဦးကျော်ဝင်းထံမှ သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများကို မေလ ၄ ရက်နေ့မှစတင်၍ အသိပညာပေးပြောကြားခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့ (၄)ခု နှင့် ရပ်ကွက်/ကျေးရွာအုပ်စု(၈)အုပ်စုမှ အိမ်ထောင်စု(၆၅)စုရှိ လူဦးရေ (၂၆၀)ဦးကို တရားဝင် အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်း၊ အိမ်ထောင်စု ၁စုရှိ လူဦးရေ ၅ ဦး ကို Mတံဆိပ်ပါ အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်း နှင့် ပြည်သူ(၆၂)ဦး ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လအထိ ပြုလုပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)