မိုးကြိုးစက်ကွင်းထိမှန်၍သေဆုံးလူနာ(၂)ဦးနှင့် ဒဏ်ရာရရှိလူနာ(၂)ဦးတို့အား ထောက်ပံ့ငွေပေးအပ်

ဆီဆိုင် ဇွန် ၉ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မိုးကြိုးစက်ကွင်းထိမှန်၍သေဆုံးလူနာ(၂)ဦးနှင့် ဒဏ်ရာရရှိလူနာ(၂)ဦးတို့အား ထောက်ပံ့ငွေပေးအပ် ခဲ့ကြောင်း သိရသည်။ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးလူနာ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ်(၆)သိန်းနှင့် မိုးကြိုးစက်ကွင်းထိမှန်၍ ဒဏ်ရာရရှိ လူနာ(၂)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၅)သောင်းစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ခွန်ရဲထွေး(ဆီဆိုင်)