မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မြဝတီ ဇွန် ၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၏သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို  ယနေ့နေ့လည် (၂)နာရီအချိန်က အဆိုပါရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့်အတူ ကျောင်းသူ/ကျောင်းသားများ အနေဖြင့်  ပညာကိုကြိုးစားသင်ယူကြစေရန်  အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်  တက်ရောက်ပညာသင်ကြားမည့် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းသားသမီးများအတွက် တက္ကသိုလ်အဆင့်တစ်ဦးလျှင် (၅၀၀၀၀)ကျပ် နှုန်းဖြင့် (၅)ဦး၊ အထက်တန်းအဆင့်တစ်ဦးလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် (၃)ဦး၊ အလယ်တန်းအဆင့် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် (၉)ဦး၊ မူလတန်းအဆင့်တစ်ဦးလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် (၁၅)ဦး၊ မူကြိုအဆင့်တစ်ဦးကို (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၂)ဦး စုစုပေါင်း (၃၄)ဦးအတွက် စုစုပေါင်းငွေ (၃၆၀၀၀၀)ကျပ်နှင့် စာရေးကိရိယာများဖြစ်သည့် စာအုပ်၊ ဘောပင်နှင့် ခဲတံများကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းတို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)