ခေါဇာ ဇွန် ၉
မွန်ပြည်နယ်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်း ၍ မူးယစ်ဆေးဝါးအသိပညာပေးဆွေးနွေးပွဲ (Talk show) ကို ယနေ့နံနက် ၁၀ နာရီက ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုအောင်က (Talk show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီး ခေါဇာမြို့နယ်မြေခံရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စိုးသက်ခိုင်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်ပြီး ပြည်သူလူထုများ အသိပညာတိုးပွားစေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ညီညီချမ်း