မြင်းခြံ ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ အချိန်က မြင်းခြံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်က မြင်းခြံခရိုင် အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်လှစ်နိုင်ရေးကိစ္စ၊ မြို့နယ်အတွင်း ပိတ်ထားလျက်ရှိသည့် ဈေးဆိုင်ခန်းများအား ဖွင့်လှစ်စေရေး၊ လျှပ်စစ်ဓာတ်အားခများ ကောက်ခံနိုင်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ စနစ်တကျလိုက်နာနိုင်ရေး အစရှိသည့်အကြောင်းအရာများ ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)