ရမည်းသင်း ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှမြို့နယ်အတွင်း မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်အတွင်း မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီအိမ်ထောင်စုလူဦးရေးစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး ပန်းခင်း စီမံချက်ကို ရမည်းသင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်းများ မှ(၃.၅.၂၀၂၁)ရက် မှ(၁၀.၆.၂၀၂၁)ထိမြို့မအုပ်စုနှင့်ကျေးရွာအုပ်စု(၆)စု၊ အမှတ်(၃) စစ် အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် အမှတ်(၁)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် အသက်၁၆နှစ်မှ အသက်၁၈နှစ်ကြားရှိ နိုင်ငံသားစိစစ်ရေးကတ်ကို အမျိုးသား(၃၆)ဦး၊အမျိုးသမီး(၄၂)ဦးနှင့် အသက်၁၈ နှစ်နှင့် အထက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ကို အမျိုးသား(၁၄၇)ဦး၊ အမျိုးသမီး(၁၉၉)ဦး၊ စုစုပေါင်း(၄၂၄)ဦးအားနိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးပြီး၊ အိမ်ထောင်စုခွဲ ထွက်သူများနှင့် အသစ်တို့၏ အိမ်ထောင်စု (၄၇၉)စုကိုပြုစုကာထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်လဝက ဦးစီးမှူးကပြောကြားခဲ့ကြောင်း သိရသည်။