ဂွ ဇွန် ၁၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဖလား(၃)ဦးတွဲ အမျိုးသားဘောလီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီတွင်မြို့မအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဆုကြေးငွေနှင့်ပြိုင်ပွဲဖြစ်မြောက်အောင် အဓိကကူညီပေးခဲ့သော ဦးဖြိုးဝေအောင်နှင့် ဦးမိုးသီဟတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမ ဆု ရရှိသည့် ကင်းရုံး(၂)အသင်းနှင့် ဒုတိယဆုရရှိသည့် သန့်ဇင်နှင့်အဖွဲ့ အသင်း(၂)သင်းအား တာဝန်ရှိသူများကလည်း ဆွဲတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပထမဆုရရှိသည့် ကင်းရုံး(၂)အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် က တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌလား(၃)ဦးတွဲအမျိုးသားဘောလီဘောပြိုင်ပွဲကို ဇွန်လ ၄ ရက်နေ့မှ ဇွန်လ ၁၀ရက်နေ့အထိ အသင်း(၁၈)သင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ တွင်ဗိုလ်လုပွဲပြီးသည်နှင့်တစ်ပြိုင်နက် ဆုရရှိသည့်အသင်းများအား ဆုများကိုပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ရွှေရည်ဝင်း