ချောင်းဆုံ၌ ၂၀၂၁ ခုနှစ် မိုးစပါးချေးငွေ ကျပ် (၁၆၅၁) သိန်းကျော် ထုတ်ချေးပြီးဖြစ်

ချောင်းဆုံ ဇွန် ၁၀

 

မွန်ပြည်နယ် ၊မော်လမြိုင်ခရိုင် ၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘစ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ဇွန် (၃) ရက်နေ့က စတင် ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ ၁၀ ရက်နေ့( ယနေ့)အထိ ကျပ် (၁၆၅၁) သိန်းကျော် ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

 

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာမှ ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်များနှင့်အညီ ထုတ်ချေး ပေးလျှက် ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ တောင်သူဦးရေ (၃၅) ဦး ခန့်သာ ထုတ်ချေးပေးရသည့်အတွက် ယနေ့အထိ ကျေးရွာပေါင်း (၄) ရွာမှ တောင်သူ (၁၉၂) ဦး ၏  စိုက်ဧက (၁၁၀၁) ဧကအတွက် ငွေကျပ် (၁၆၅၁)သိန်း (၅) သောင်း ကို ထုတ်ချေး ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ် ဘဏ်ခွဲမန်နေဂျာ ဦးဇော်လေး က ပြောသည်။

 

 

၂၀၂၁ခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးရာတွင် ယခင် ၂၀၂၀ ပြည့်နှစ် မိုးစပါးချေးငွေကို ၁၀၀ ရာခိုင်နှုန်း ငွေအကျေပြန်လည် ပေးဆပ်ထားသည့် ကျေးရွာများကို ယခုနှစ် ချေးငွေ ထုတ်ပေးရာမှာ ဦးစားပေးအဖြင့် သတ်မှတ်ပြီး ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရသည်။