ကျောက်ပန်းတောင်း ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြိုနယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ဇွန်လ(၁)ရက်နေ့ မှစတင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ယနေ့အထိ အခြေခံပညာ ကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၄၆၂)ဦး တက်ရောက်၍ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်း မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ၊ ယခုအချိန်အထိ အထက်တန်းကျောင်း(၅၄)ကျောင်း၊ အလယ်တန်းကျောင်း(၅၁)ကျောင်းနှင့် မူလတန်းကျောင်း (၁၇၁)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး၊ မူလတန်းတွင် ရှိရင်း(၆၇၀၀)ဦးရှိရာမှ (၆၀၃၀)ဦး တက်ရောက်၍ အလယ်တန်းဆင့်တွင် ရှိရင်း(၄၀၇၀)ဦးရှိသည့်အနက် (၃၆၆၃)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် အထက်တန်းတွင် ရှိရင်း(၈၅၅)ဦးအနက် (၇၆၉)ဦး တက်ရောက်လျက်ရှိရာ၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၄၆၂)ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)