နမ့်စန်(တ) ဇွန် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းတက် ကျောင်းဆင်း ချိန်များ၌ ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများက ကျောင်းဖွင့်ရက်တိုင်း နေ့စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ယာဉ်မောင်းနှင်သွားလာနေသူများအနေဖြင့် ကျောင်းတက်ကျောင်းဆင်းချိန်များတွင် အထူး ဂရုစိုက်မောင်းနှင်ကြစေလိုကြောင်းနှင့် နမ့်စန်မြို့နယ်တွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား အခြေအနေအရ ကျောင်းအားလုံးတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခြင်းမရှိသော်လည်း ကျောင်းသားဦးရေများပြီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျရောက်သည့် အထက(မြို့မ) ကျောင်းနှင့် အထက(နမ့်စန်) ကျောင်းတို့တွင် နံနက် ကျောင်းတက်ချိန်နှင့် ညနေကျောင်းဆင်းချိန်တို့၌ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးနေ ကြောင်း အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စိတ်(နမ့်စန်)၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ်အောင်ဇော်ဝင်း ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)