မင်္ဂလာဒုံ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စျေးရပ်ကွက်နှင့် စမ်းကြီးဝရပ်ကွက်တို့အား ဖြတ်သန်းသွယ်တန်းပြီး ရန်ကုန်မြို့တော်ကို ရေပေးဝေလျက်ရှိရာ တိုက်ကြီးမြို့နယ်မှလာသော ဂျိုးဖြူ ရေပိုက်လိုင်းသည် လူတို့စွန့်ပစ်သော အမှိုက်များအောက် ရောက်ရှိနေပြီး ဇွန် ၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှိုက်များ ရပ်ကွက်များအတွင်းရှိရေနုတ်မြောင်းများတွင် ပိတ်ဆို့၍ မင်္ဂလာဒုံမြို့အတွင်းရှိ ရပ်ကွက်များ ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်နေ၍ ရန်ကုန်မြို့တော် စည်ပင်မှ ဦးဆောင်လမ်းညွှန်မှုဖြင့် မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးသန်းဦးတို့က အမှိုက်များ ရှင်းလင်းခြင်း၊ ပိုက်လိုင်းကြီးအား ရေရှည်တည်တံ့အောင် ယနေ့ နံနက်က စတင်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဂျိုးဖြူရေပိုက်လိုင်းသည် တိုက်ကြီးမြို့နယ် ဂျိုးဖြူရေကန်မှ ရန်ကုန်မြို့တော်အတွင်းသို့ ရေပေးဝေနေခြင်းဖြစ်ပြီး နှစ်ပေါင်း(၁၀၀)ကျော် သက်တမ်းရှိ ဂျိုးဖြူ ရေပိုက်လိုင်းကြီး အလွယ်တကူ မပျက်စီးစေရန် ပိုက်လိုင်းနှင့် ပေ(၅၀)အတွင်း သစ်ပင်၊ စျေးဆိုင်များ မဆောက်ရန်နှင့် အထူးသဖြင့် အမှိုက်မပစ်ရန် ပစ်လျှင် ဒဏ်ငွေများ ပေးဆောင်ရန် စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။
မျိုးသန့်