ဒိုက်ဦး ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင် ထွက်တိုင်း နှာခေါင်းစည်း (Mask) များ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်း Mask Campaign ကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့လည်လေးကျွန်းတာဆုံမီးပွိုင့်၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ စျေးသွား စျေးလာများ၊ ဆိုင်ကယ်၊ ဆိုက်ကားကယ်ရီများကို Mask(၅၀၀) အခမဲ့ဖြန့်ဝေပေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေး လှည့်လည် လှုံ့ဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။