ထိုင်းနိုင်ငံမှလွဲပြောင်းပေးလာသူများကို Quarantine ထားရှိ၍ ထပ်မံဆေးစစ်ရာတွင်(၄၅)ဦး ကိုဗစ်-၁၉ ပိုးလက္ခဏာ ထပ်မံတွေ့ရှိ

တာချီလိတ်  ဇွန်  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဇွန်လ ၁ ရက်နေ့၌ ထိုင်းနိုင်ငံမှလွဲပြောင်း ပေးလာ သောပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားများကို Quartine ထားရှိရာ မိုးကုတ်ရိပ်သာ၌ ကျား ၃၆ ဦး၊မ ၉ ဦး၊စုစုပေါင်း ၄၅ ဦးအား စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရသည့် လက္ခဏာ ယနေ့ထပ်မံတွေ့ရှိကြောင်း သိရသည်။

 ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ တစ်ရာကျော်ကိုပြန်လည်လွဲပြောင်းပေးလာရာတွင် ယင်းနေ့၌ ကျား ၆ ဦး၊မ ၁ ဦး ရောဂါလက္ခဏာတွေ့ရှိရသဖြင့် လက္ခဏာပြသူများကို ပြည်သူ့ဆေးရုံဟောင်းတွင်ထားရှိပြီးဆေးဝါးကုသမှုပေးလျက်ရှိသည်။အတူပြန်လာသူများကိုမူ မိုးကုတ် ရိပ်သာ၌ Quarantine ထားရှိစောင့်ကြည့်ပြီးနောက် ထပ်မံစစ်ဆေးခဲ့ရာတွင် ယခုကဲ့သို့ရောဂါ လက္ခဏာပြသူများ စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်။ဒုတိယ အကြိမ်စစ်ဆေးရာတွင်လည်း တွေ့ရှိ ခဲ့ရပြီးယခုအကြိမ်သည်တတိယအကြိမ်မြောက် ထပ်မံစစ်ဆေးရာ၌ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံမှပြန်လာကြသောပြစ်ဒဏ်စေ့ ၁၀၀ ကျော်တွင် ယခုအချိန်၌ ကိုဗစ်-၁၉ ပိုးကူးစက်ခံရောဂါလက္ခဏာပြသူ စုစုပေါင်း ၈၂ ဦးထိရှိပြီဖြစ်ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)