ကျိုက်လတ် ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသောစာအေ ာင်သံဃာ တော်များအား ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲခန့်က တိလောကမာရဇိန်မြတ်စွာဘုရားကြီးရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီ း မြို့နယ်အစိုးရပထမပြန်စာမေးပွဲ ကြီးကြပ်ရေး အဖွဲ့မှ နန္ဒဝန် ဘုန်းတော်ကြီးကျောင်းတိုက်အုပ် ဆရာတော်ဦးဇဋိလ ထံမှငါးပါးသီလ ခံယူတော်မူပြီး၊ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ကြီးကြပ်ဆရာတော်များနှင့် စာအောင်သံဃာတော်များအား
အောင်လက်မှတ်နှင့်လှူဘွယ်ပစ္စည် းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး၊ အလှူရှင်များကိုတာဝန်ရှိသူများကဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ်ခဲ့သည်။
ဆက်လက်၍လှူဒါန်းမှုအစုစုတို့အတွ က် တိုက်အုပ် ဆရာတော်ထံမှ ရေစက်သွန်းချ အမျှပေးဝေမှုအား သာဓုအနုမောဒနာခေါ်ဆိုခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီး မြောက်ခဲ့ကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် စာအောင်သံဃာ အခြေပြုမူလတန်းမှ (၁၀)ပါး၊ ပထမငယ်တန်း(၈)ပါး၊ပထမလတ်တန်း (၁၀)ပါးနှင့်ပထမကြီးတန်း (၁၆)ပါးတို့ အောင်မြင်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်