သံဖြူဇရပ် ဇွန် ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မိုင်းအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပြုလုပ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသီက အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးစိုးမင်းက မိုင်းအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး၊ ဒုတပ်ခွဲမှူး ဒေါ်ယဉ်ယဉ်စိုးက အရေးပေါ် ရှေးဦးပြုစုခြင်း အကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးသည်။
ယနေ့ပြုလုပ်သော ဆွေးနွေးပွဲ (Talk Show)ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးသီ