ကြို့ပင်ကောက်မြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကြို့ပင်ကောက်  ဇွန်  ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပ ပြုလုပ်ခဲ့သော အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တိုက်ကျောင်းပါဠိ တက္ကသိုလ်၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ် ဝတ္ထုများကို မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲ များက ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထောက်အကူ ပြုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြ  ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)