ရေစကြို ဇွန် ၁၃
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ထန်းတိုကျေးရွာမှ မြန်မာနိုင်ငံ သစ်ပင် ချစ်သူများအဖွဲ့ဝင် ထန်းတိုကျေးရွာ သစ်ပင်ချစ်သူများအဖွဲ့က ယနေ့ နံနက် ၇နာရီတွင် တောင်အိုကျေးရွာမှ ရှင်မတောင်သို့ သွားရာလမ်းဘေး ဝဲယာတစ်လျှောက် အရိပ်သစ်ပင်များ စိုက်ပျိုးသည်။
ယခုလို စိုက်ပျိုးမူကို ရေစကြိုမြို့နယ် ရှင်မတောင်ဒေသစိမ်းလန်းစိုပြေရေး အဖွဲ့မှ သစ်ပင်များ ထောက်ပံ့မူပေးပြီး သစ်ပင်များ စိုက်ပျိုးရခြင်းသည် ကမ္ဘာကြီးပူနွေးလာမူနှင့် ရာသီဥတု ပျက်စီးမူကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းသည့်အနေဖြင့် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း ထန်းတိုကျေးရွာ သစ်ပင်ချစ်သူများအဖွဲ့ တာဝန်ခံ မမိုးမိုးလွင်ထံမှ သိရသည်။
သစ်ပင်စိုက်ပျိုးရာတွင် ထန်းတိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပြုံးချိုနှင့် အဖွဲ့ဝင်များ ထန်းတို ကျေးရွာ သစ်ပင်ချစ်သူများအဖွဲ့ မမိုးမိုးလွင်နှင့် အဖွဲ့ဝင်များ ကျေးရွာသူကျေးရွာသားများ စုပေါင်း၍ လမ်းဘေးဝဲယာ တစ်လျှောက်တွင် တမာပင်၊ ရေတမာပင်၊ ကုက္ကိုပင်များ ယခုအချိန် ထိ အပင်ပေါင်း (၁၇၀)ပင် ခန့် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ဇော်(အဝေးသင်)