ပြည် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြည်မြို့နယ် အမှတ်(၂)ရဲလေ့ကျင့်ရေး သင်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကျင်းပရာ အခမ်းအနားသို့ အလုပ်သမားလူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန တိုင်းဦးစီးမှူး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၄) ဦးအောင်မင်း နှင့်တာဝန်ရှိသူများတက်ရောက်သည်။
အဆိုပါပေးအပ်ပွဲတွင် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန တိုင်းဦးစီးမှူး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၄)ဦး အောင်မင်းက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေး အမှာစကားပြောကြားပြီး အမှတ်(၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း(ဝက်ထီးကန်) ရှိ အိမ်ထောင်စုဝင်များအတွက် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်မြို့နယ်ဦးစီးမှူးရုံးက ဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၇)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၉၁)ခုကို တာဝန်ရှိသူများထံ ပေးအပ်ရာ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲမှူး(အုပ်ချုပ်) ရဲမှူးခင်သက်သက်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ပြည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၆၉)အုပ်စုတို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်ခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်မြို့နယ်ဦးစီးမှူးရုံး မှ သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)