ကျိုက်မရောမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကျိုက်မရော    ဇွန်   ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျိုက်မရောမြို့ဆုတောင်းပြည့်ဘုရားကြီးရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့် လှစ်ပေးခဲ့ပြီးဘုရားကြီးကျောင်းတိုက်ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကာအခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြကုန်သောသံဃာတော်များအားအောင်လက်မှတ်နှင့်စာအောင်ဆု နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းချီးမြှင့်ပေးအပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီး ၉ပါး၊ ပထမလတ်၁၄ပါး၊ ပထမငယ်၃၄ပါး၊ အခြေပြုမူလတန်း ၅၅ ပါး စုစုပေါင်း ၁၁၂ပါး ဝင်ရောက်​ဖြေဆိုခဲ့ရာ ၅၉ ပါး အောင်မြင်ခဲ့ကြကြောင်းမြို့နယ်သာသနာရေးဦးစီးမှူးရုံးမှသိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)