ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ဟိုပန် ဇွန်  ၁၄

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊အဖွဲ့ဝင်များနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့စီမံအုပ်ချုပ်ရေးခန်းမတွင် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ခရိုင်၊ မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့်တွေ့ဆုံရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဆိုလာ မီးလင်းပစွည်းနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များသို့ ငွေကျပ်(၁၀)သိန်းစီကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ထောက်ပံ့ပေးအပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များမှ အသီးသီးလက်ခံရယူကြောင်းသိရသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် ကွမ်းလုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ တည်ဆောက်ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့(၄)မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)