မိုင်းယုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မိုင်းယု  ဇွန် ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ဒေသတွင်း ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုင်းနေမွန်ငြိမ်းနှင့် ဝန်ထမ်းများက ဒေသ တွင်းရှိ  အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်ရင်းနှင့် တာကြန့်ကျေးရွာအုပ်စုဖြင့်သည့် ဆမ်မိန်းနှင့် နမ့်ကုတ်ကျေးရွာများတို့ ကွင်းဆင်းကာ အိမ်ထောင်စုလူဦးရေစာရင်း၊ ကလေးမွေးတိုးများ ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ပျက်/လှဲလှယ် သူတို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၀)ကတ်ထိ ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့ရှေ့တန်းရုံး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ သိရသည်။

ကိုကိုနိုင်(မိုင်းယု)