သတင်းများ

သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ဆေးရုံ၀န်းအတွင်းတွင်(၄)ခန်းတွဲ ၀န်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊   ပြည်ခရိုင်၊  သဲကုန်းမြို့နယ်၊   ဆင်မြီးဆွဲမြို့၊ ဆေးရုံ၀န်းအတွင်းတွင်   တိုင်းဒေသကြီး ရန်ပုံငွေဖြင့်   ဆောက်လုပ် နေသည့် (၄)ခန်းတွဲ ၀န်ထမ်းအိမ်ယာ  တည်ဆောက်ပြီးစီးမှု အခြေ အနေအား 
လှိုင်းဘွဲမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေး
Sep 15,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မဈေးအတွင်း ဈေး‌ရောင်း၊ ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်မှုများ ဆက်လက်ဆောင်ရွက်
Sep 15,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်များအလိုက် တာဝန်ရှိသူ များက လိုက်လံထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ န့နက်ပိုင်းအချိန်က လွတ်လပ်ရေးရပ်ကွက် အတွင်းရှိ ဘိုးဘွားများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 15,2020
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု များပြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းကို နေ့စဉ် နေ့တိုင်း ရန်ကင်းမြို့နယ်ရပ်ကွက်များ အတွင်းရှိ လမ်းများတွင် ဆောင်ရွက်လျက်ရှိသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ၊ Dettol ပိုးသတ်ဆေး၊ Mask များ လာရောက်လှူဒါန်း
Sep 15,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် Unlimited Channel Co.Ltd(UC) မိသားစုမှ PPE ဝတ်စုံ (၁၀)စုံ၊ Dettol (၅၀)ဗူးတို့ကို ယမန်နေ့နေ့လယ်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ လာရောက် လှူဒါန်းခဲ့သည်။ အလားတူ (AIMI TV) မိသားစုမှလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅၀၀)ခုအား လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ မဟာမြတ်မုနိဘုရားကြီးလမ်းကို ဈေးရပ်ကွက်ပြည်သူများပူးပေါင်း၍ ကွန်ကရစ်လမ်းခင်း
Sep 15,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ဈေးရပ်ကွက် ပြည်သူများ ပူးပေါင်း၍ မဟာမြတ်မုနိဘုရားကြီးလမ်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က စတင်၍ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်၌ CERP အစီအစဉ်အရ ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများပေးအပ်
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာတွင် ယမန်နေ့ နံနက် ၉ နာရီ ၌ ပရဟိတဂေဟာ များသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်အမှတ် (၁၁/၂၀၂၀) ကို ယမန်နေ့ရက်စွဲဖြင့် ညမထွက်ရအမိန့်အား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။