သတင်းများ

ဇလွန်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရအဘိဓမ္မာစာမေးပွဲစာအောင် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Jun 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အစိုးရပါဋိပထမပြန်စာမေးပွဲ စာအောင် သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်နှင့် အစိုးရအဘိဓမ္မာ စာမေးပွဲ စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင်  မဟာအတုလ ဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် Mask Campaign ပြုလုပ်
Jun 14,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှကင်းဝေးစေရန် ရည်ရွယ်ပြီး ပြည်သူ့ကျန်းမာရေးဖောင်းဒေးရှင်း၊ မြတ်ဒါနပရဟိတ အဖွဲ့နှင့်မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့မြို့မဈေးနှင့် ့ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ကျိုက်လတ်မြို့နယ်ရုံး Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Jun 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ မနက် (၁၁) နာရီက စာရေးဆရာကျော်ဝင်း ရေးသားသော ''နှစ်ဆယ့်တစ်ရာစုသားရွှေဉ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ဝိုင်းမော်မြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းပုံမှန်ဆောင်ရွက်
Jun 14,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် အသက်(၂)လမှ (၂)နှစ်အောက်အရွယ်  ကလေးငယ်များအား  ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေး ပေးခြင်းကို ယနေ့နံနက်(၈)နာရီမှ မွန်းလွဲ(၂)နာရီခွဲထိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဆေးပေးခန်း၌ ပြန်လည်ဆောင်ရွက်ပေးလျက်ရှိသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နမ့်ဆောင်ချောင်း သဲနုန်းဆယ်ယူမှု ကြည့်ရှုစစ်ဆေး
Jun 14,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ ဦးကျင်ဝမ်း၊ ဦးထွန်းထွန်းဝင်း (ညွှန်ကြားရေးမှူး)၊ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဟိုပန်မြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ဆောင်ချောင်းအတွင်း သဲနုန်းဆယ်ယူနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ကျိုက်မရောမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 14,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်​ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀နာရီက င​ပြေမကျေးရွာဓမ္မာရုံ၌ ပြုလုပ်ပေးကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 14,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ မြို့ဦးစီးမှူးဦး ဇွန်ဇွန်မိုးလွင်နှင့်အဖွဲ့များသည် ပန်းခင်းစီမံချက်ဖြင့် ကျိုက်ဒုံမြို့(ရှေ့တန်းရုံး)၌ အမှတ်(၂) စစ်ကွပ်ကဲရေး၊ အမှတ်(၂) နည်းဗျူဟာ၊ ဒေါနအနောက်ခြမ်း၊ ဒီမိုကရေစီ
မိုင်းယောင်း၌ ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်
Jun 14,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “အသိနှင့် ပညာ”စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။