မော်လမြိုင်ကျွန်း ဇွန် ၁၄
အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အမှတ်(၅၃၄) ခြေမြန်တပ်ရင်းရှိ တပ်ရင်းမိသားစုဝင်များနှင့ ်ကျောင်းသား ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က အမှတ်(၅၃၄) ခြေမြန်တပ်ရင်း၊ အောင်ဆန်းခန်းမဆောင်၌ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းအား ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးထွန်းစည်သူကျော်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်နိုင်နှင့် တာဝန်ရှိသူများကတပ်ရင်း မိသားစုဝင်များမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက် ၁၀နှစ်အထက်နှင့် အသက် ၁၈ နှစ်အထက် ကျား ၂၄ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၃၆ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်အောင် (ပြန်/ဆက်)