ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် နှာခေါင်းစည်း (Mask) များတပ်ဆင်သွားလာသည့်အလေ့အထများ ဖြစ်စေ ရန် Mask Campaign ဆောင်ရွက်

ငဖဲ  ဇွန် ၁၄

 

 

 

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး၊ ကူးစက်ပျံ့ပွားမှုမရှိစေရေး အတွက်ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာသည့်အလေ့အထများဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားလာကြရန်ကျန်းမာရေးအသိပညာပေးခြင်း Mask Campain ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက ပဒါန်းကျေးရွာစည်ပင်သာယာစျေးနှင့် စျေးရှေ့တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင် နှင့်ဝန်ထမ်းများ၊ ပဒါန်းနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒေါ်မော်မော်လွင် နှင့် ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စျေးအတွင်းရှိစျေးရောင်းသူ၊ စျေးဝယ် လာ သူများ၊ လမ်းသွားလမ်းလာပြည်သူများ နှင့်ခရီးသွားလာပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်  ကာလအတွင်း ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်စေရေး အတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

                

 

မယု(ငဖဲ)