နတ်မောက်မြို့ ဈေးရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး

 

နတ်မောက်  ဇွန်  ၁၄

 

 

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသား စိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က နတ်မောက်မြို့‌ဈေးရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

 

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု နှင့် ပျောက်ဆုံး/ ပျက်စီးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့သည်။           

 

 

အဆိုပါရပ်ကွက်ရှိ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ကျား (၉)ဦး၊မ (၁၄) ဦး၊အသက် (၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ် ကျား(၄)‌ဦး၊ မ(၅)ဦးစုစုပေါင်း (၃၂)ဦးတို့အား အထောက် အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့  ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ 

 

 

 

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ၂၀၂၁ခုနှစ် မေလ(၃) ရက်နေ့ မှစတင်ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး သွားဖြစ်ကြောင်း နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမြို့နယ် ဦးစီးမှူး ဦးဝင်းသိန်း ထံမှသိရသည်။                         

 

 

သင်းသင်းမြတ်( နတ်မောက် )