ပါဠိပထမပြန်စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်နှင့် အောင်လက်မှတ် ဆက်ကပ် ပွဲ အခမ်းအနားကျင်းပ

သရက် ဇွန် ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၏၂၀၂၀ပြည့်နှစ်၊ အစိုးရဓမ္မစရိယနှင့်ပါဠိပထမပြန် စာမေးပွဲတွင်အောင်မြင်ခဲ့သည့် ပါဠိပထမပြန်စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် နှင့် အောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ ညနေ (၃:၃၀)နာရီက မြို့နယ် သာသနာ့ဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မြခဲတောင် ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်ဦး မှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

 

ထို့နောက် ပင့်သံဃာ ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ပါဠိပထမပြန်စာမေးပွဲတွင်အောင်မြင်ခဲ့သည့် ပထမကြီးတန်း(၁၂)ပါး၊ပထမငယ်တန်း(၂)ပါး သံဃာတော်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဝင်းနိုင်ဦးနှင့် တာဝန်ရှိ သူများက အောင်လက်မှတ်နှင့်အလှူငွေများဆပ်ကပ်လှူဒါန်း ပေးခဲ့သည်။

 

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်၊ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ အလှူရှင်များမှ မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ရွှေဘုံသာ ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိသုတသာရထံမှ လှူဒါန်းမှုအစုစုအတွက်အနုမောဒနာတရား နာယူပြီး ရေစက်သွန်းချ အမျှဝေခဲ့ကြောင်း သိရသည်။

 

ဇော်ထက်(သရက်)