လပွတ္တာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါဠိပထမပြန် စာဖြေသံဃာများ အားစာအောင် လက်မှတ်နှင့် စာအောင်ချီးမြှင့်ငွေများဆပ်ကပ်လှူဒါန်း

လပွတ္တာ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် အောင်တော်မူတန်ဆောင်းကြီးတွင် ၂၀၂၀ပြည့်နှစ် ပါဠိပထမပြန် စာဖြေသံဃာများအား စာအောင်လက်မှတ်နှင် စာအောင် ချီးမြှင့်ငွေများ ဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည် ၁၂း၀၀နာရီ အချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာမြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များနှင့်ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ် ဆရာတော် (၁၅)ပါးအား နဝကမ္မအလှူငွေများ ဆပ်ကပ်ခဲ့ပြီး၊ ၂၀၂၀ပြည့်နှစ်တွင် ဖြေဆိုတော်မူခဲ့သော စာဖြေသံဃာတော် ပထမကြီး (၂၂)ပါး၊ ပထမလတ်(၂)ပါး၊ ပထမငယ် (၁၆) ပါး၊ အခြေပြုမူလတန်း (၂၂)ပါး စုစုပေါင်း(၆၂)ပါးတို့အား မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းပေါင်းစုံငွေစုငွေ ချေး အသင်း တို့ကစာဖြေသံဃာများအား စာအောင်လက်မှတ်နှင့် စာအောင်ချီးမြှင့်ငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ပါဠိပထမပြန် စာဖြေသံဃာများအား စာအောင်လက်မှတ်နှင့် စာအောင်ချီးမြှင့်ငွေများ ဆပ်ကပ်လှူဒါန်ခြင်းကို ကိုဗစ်၁၉စည်း ကမ်း ချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင် ပြန်/ဆက်